Alpha ညီအကိုများ

Saturday, February 7, 2009

ညဥ့်နက်ကကြိုး ၉၉




ညဥ့်နက်ကကြိုး ၉၉


ဒီလိုည ...
စိတ္တဇလေတွေ စီးဆင်းပြီ
ကိုယ်တိုင်အရိပ်မရတဲ့ နွေလို
ညည်းချင်းထပ်ခဲ့ ... ။

ဒီလိုည ...
ဘ၀ကူးမကောင်းတဲ့ ဆောင်းဟာ
ခဏလေးမှ ရပ်တည်ခွင့်မရှိခဲ့ မြူကို
တအူအူ ထပ်မက် ... ။

ဒီလိုည ...
ရာဇ၀တ်တွေ လက်မှာပေကျံ
လူစော်နံနေတဲ့ မြောင်းပုပ်အက်အက်မှာ
ခေါင်းမြုပ်လျှိုးခဲ့ ... ။

ဒီလိုည ...
တစ်နံတစ်လျား ခရီးသွားပြီးကာမှ
ကိုယ့်ဇတ်ကို ကိုယ်မျို မှောင်လာမှ ငိုတဲ့မြစ်က
စုတ်တသတ်သတ် ... ။

ဒီလိုည ...
တရွတ်တိုက်ဆွဲတဲ့ လရောင်ထဲ
ကစဥ့်ကလျားနက္ခတ်တစ်ခင်းက
ချဉ်းနင်းစွက်ဖက် ... ။

အင်း ... ... ...
ဒီလိုည ...
ကိုယ်တိုင်စိုက်ပျိုး
အိပ်မက်ကို အုပ်မိုးထားတဲ့ သူ့လက်က
ရင်ဘတ်တစ်ခုလုံးကို ရိုက်ချိုးသွားတာ
ငါ့ မနက်တွေတောင် တော်တော်နဲ့မိုးမလင်းခဲ့ဘူး ... ... ... ။ ။



အလင်းငှက်
[ ပုံလေးကို http://farm2.static.flickr.com ကနေရယူဖော်ပြပါတယ် ]

Monday, November 17, 2008

ကြုံရဆုံရ PSA ဘဝ

မိတ်ဆက်

အားလုံးမင်္ဂလာပါ၊ ကျွန်တော်တို့ Alpha Smile Blog လေးမှာ ကိုယ့်အဖွဲ့လေးထဲက ကဗျာ၊ စာနဲ့ အနုပညာကို ၀ါသနာပါတဲ့ သူငယ်ချင်းများနဲ့ မိတ်ဆွေများအတွက် အခု “ကဗျာပျိုးခင်း” လို့ အမည်ရတဲ့ ကဏ္ဍလေးကို ဖွင့်လှစ်ပေး လိုက်ပါတယ်။ ဒီကဏ္ဍလေးမှာ Alpha အဖွဲ့ရဲ့ Members များအနေနဲ့ မိမိတို့ ခံစား၊ တွေ့ကြုံ ရင်ခုန်၊ တွေးမိလေသမျှ အကြောင်းအရာလေးများကို ကဗျာလေးများအသွင် သီဖွဲ့မှုများကို အလေးပေးတင်ပြ၊ ဖော်ပြပေးသွားပါမယ်။ စိတ် ပါဝင်စားတဲ့ Alpha ညီအကိုများအားလုံး smilling.alpha@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးရင်း ဤကဏ္ဍလေးအား ဖွင့်လှစ်လိုက်ပါတယ်ခင်ဗျာ ... ။





ကြုံရဆုံရ PSA ဘဝ



အာရုဏ်ဦး
နိုးစက်က ထအော်
ဆိုးလိုက်တဲ့ ဘ၀နော်လို့
ငိုချင်းချ တစ်နေ့မရိုးအောင် ပ
အလုပ်ကို ငါလေ ဒိုးရတယ်
အိုး ... ကြည့်ပါဗျိုး ... ။

အလုပ်ရောက်လို့ အိပ်မယ်ကြံ
စိတ်အကြံ ကြိတ်ခံကာ နောက်မှာထား
အောက်က ကား ပေါက်ချကာ ရောက်လာသမို့
ငေါက်ထကာ လန့်လို့နိုး
ဟဲ့ ... ကုလားရေ! ရှေ့နည်းနည်းတိုး ... ။

ဤမျှဖြင့် မကသေးပါဘု
နှမပေးက ပေါက်လို့ ဆူ
ရမ်းလို့ပူ ဟိုဟာကို ဟိုလိုလုပ်လဟဲ့
ဒီမှာတော့လေ
စက်ကစုတ် လက်ကဖြင့်ပုတ်တော့မယ်
သုတ်ချေကာ လုပ်လေသမျှ သူမမြင်ပဲ
အဟုတ်တကယ် ငါလေ
နွား လို့ ကျိမ်ဆဲ ... ။

ဆာသဟာ ကြာလာတော့ စိတ်ကမကြည်
အတိတ်ဘ၀ ရေစက်ရယ် မသတီတာကြောင့်
စေတနာမပါ ရေဗလာမှာ ပြုတ်လေတဲ့ကြက်ရိုး
အဟုတ်လကွဲ့ မာသဗျာ ဆန်စေ့ကိုလ
မျိုကျအောင် အကို အမ တကာလွေးရတယ်
ခံတွင်းမှာ ကြေအောင် အတင်းတုတ်ပါလို့
အမလေးဟဲ့ PSA ထမင်းထုပ် ... ။

စားပြီးလို့ နားမယ်ကြံ
Gantry ပြန် လက်မနှေး
ဟိုဘက်ပြေး ဒီဘက်ခုန်ရ
ဂဏန်းဘ၀ လူမမြင်ပြီ
ပူပင်သည် ရှေ့အရေးမှာလ
ကိုယ်မပိုင် သူနှင့်သာဆိုင်သည်မို့
အသံကုန် ထန်ကုန်ပြောရရင်ဖြင့်
Control ရေ ... !!!
Red Line အဆင်သင့် ... ။

ဒီလိုဖြင့် အနောက်သို့နေကွယ်
တစ်ယောက်ဖေတကယ် အိမ်ကိုဖြင့်လွမ်းရင်
ချစ်ဦးငယ် ဤစာပါးကိုလ
ဖတ်မိလျှင် Heart ထိမှာ စိုးသမို့
အရပ်အသိပါ ဆက်မိကာတွေးပေရော့
ဘ၀ဂ်အထိငါ ကြေညာရင်း မဟောင်းတော့ပြီ
သြော် ... !!!
မှတ်မိစေကြောင်း ... ။ ။


သခင်ခါးတော်ကိုင်း
၁၇-၁၁-၂၀၀၈


Thursday, October 16, 2008

ကိုကျော်ဇင်လတ်၊ ကိုသန့်ထင်အောင်၊ ကိုသန့်ထူးအောင်နဲ့ ကိုကျော်ထက်တို့အတွက် မွေးနေ့ဆုတောင်း


Happy Birthday To You !!!

ဒီ ဆယ်လပိုင်း (OCTOBER) လမှာ ကျရောက်ကျတဲ့ Alpha Group ရဲ့ Memember များ ဖြစ်ကြတဲ့ ...

၁။ ၁၆-၁၀-၂၀၀၈ မှာကျရောက်တဲ့ ကိုကျော်ဇင်လတ်ရဲ့ မွေးနေ့ ...
၂။
၂၈-၁၀-၂၀၀၈ မှာကျရောက်တဲ့ ကိုသန့်ထင်အောင်ရဲ့ မွေးနေ့ ...
၃။ ၁၀-၁၀-၂၀၀၈ မှာကျရောက်တဲ့ ကိုသန့်ထူးအောင်ရဲ့ မွေးနေ့ နဲ့
၎။ ၃၀-၁၀-၂၀၀၈ မှာကျရောက်တဲ့ ကိုကျော်ထက်တို့ရဲ့ မွေးနေ့ ...

ရက်မြတ်များမှသည် နောက်နှစ်ပေါင်း ၁၂၀ တိုင်အောင် စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းများနှင့် ပြည့်စုံကုံလုံရုံသာမက၊ ဘ၀နှင့် ဆန္ဒတို့ တစ်ထပ်တည်းကျကာ မိမိတို့ ချစ်သူ၊ ခင်သူ၊ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများဖြင့်အတူ ဘ၀ခရီးလမ်းကို ပျော်ရွှင်ကြည်နှုးစွာ လျှောက်လှမ်းနိုင်ပါစေကြောင်း Alpha Group ညီအကိုများမှ မွေးနေ့ဆုမွန်ကောင်းတောင်းကာ ဆန္ဒပြုလိုက်ပါသည် ခင်ဗျား ...၊ ပျော်ရွှင်ဖွယ်ရာမွေးနေ့ ဖြစ်ပါ စေ ... ။


လေးစားချစ်ခင်စွာဖြင့်
Alpha ညီအကိုများ

Wednesday, July 16, 2008

FireFox browser is the best blog viewer

ဒီတစ်ခါမှဖြင့် Zawgyi-one Unicode System အသုံးပြုသူများ အနေနဲ့ အဆင်ပြေဆုံး၊ အသင့်တော်ဆုံးလို့ ယူဆနိုင်တဲ့ FireFox Browser Version 3.0 ကို Download ပေးထားပါတယ်။ Zawgyi Unicode System ဟာ အဓိက FireFox Browser နဲ့ IE ကို အဓိက Hit ထားပြီး အခြေခံ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ မြန်မာစာ Unicode ကို အဓိက အသုံးပြုထားတဲ့ Blogspot များ၊ website များကို ဖွင့်လှစ်ကြည့်ရှုရာမှာ firefox Browser က အဆင်ပြေဆုံးလို့ သတ်မှတ်ထားကြပါတယ်။ သူ့ရဲ့ Main Website ကတော့ http://www.mozilla.com/en-US/ ဖြစ်ပြီး သူနဲ့ ပတ်သက်သမျှ အသေးစိတ်ကို လေ့လာကြည့်ရှုနိုင်သလို Installer Setup File ကိုတော့ ဒီနေရာမှာ Download လုပ်ယူ နိုင်ပါတယ်။ Installer လုပ်ပြီး Firefox နဲ့ website များကို ကြည့်ရှုရာမှ သတိထားစရာတစ်ခုက သူ့ရဲ့ View Menu ထဲက Character Encoding Menuလေးထဲမှာ Unicode (UTF-8) ကို Select လုပ်ထား မထား သွားရောက် စစ်ဆေးဖို့လိုပါတယ်။ အကယ်၍မလုပ်ထားခဲ့ရင် Select လုပ်ထားပေးပါ။ ကဲ ... အခုချိန်မှာတော့ သင်ဟာ Firefox Internet Browser နှင့် သင်နှစ်သက်ရာ website များကို သင့်စိတ်တိုင်းကျ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်...။

Tuesday, July 15, 2008

NOD32 Antivirus Protection For your PC


ကဲ ... Software တစ်ခု Share ပေးထားပါ့မယ် ...NOD32 ဆိုတဲ့ Software ပါ ...

သူက ကမ္ဘာ့နံပါတ် ၃ နေရာမှာ ရှိပြီး စိတ်ချရတဲ့ Security ကို ပေးပါတယ် ...။

စမ်းသုံးကြည့်ပါ ... RAR နဲ့ ဆိုတော့ အရင်ဆုံး RAR ကို အရင် ဖြည့်ပေးရပါ့မယ် ...

ဖြည်ချလိုက်လို့ ဆင်းလာတဲ့ ဖိုင်မှာ Creck ဖိုင်ကို အရင် Run ပါ ...

ပြီးမှ Setup.exe ဖိုင်ကို Run ပါ ... အခု ဖိုင်ကို
ဒီနေရာ က ယူလိုက်ပါ ...

Computer Virus များကို ကာကွယ်နိုင်ပါစေ ...

Alpha (သို့) ရောင်စုံကျောက်စရစ်လေးများ







သာယာတဲ့ နေ့လေးတစ်နေ့ ...






စမ်းချောင်းလေးတစ်ခုက တစ်သွင်သွင်စီးဆင်းနေတယ်...



ကြည်လင်တဲ့ ရေပြင်က တစ်ဆင့် မြင်နေရတဲ့ ကျောက်စရစ်ကလေးတွေ ...



ကူးခတ်နေတဲ့ ငါးကလေးများ ...



စီးဆင်းနေတဲ့ ရေအလျဉ်မှာ .... စီးဆင်းသံလေးများက ပျော်ဝင်လို့ ...






ဖြူနီညို ကျောက်စရစ်လေးများက စုစုစည်းစည်းနဲ့



ရေအလျဉ်ကို အံတုနေတယ် ... ဒါပေမယ့်လည်း သူတို့က တစ်ချိန်က ....



ဒီအရပ်ကို ရေအလျဉ်ရဲ့ တွန်းတိုက်ပုတ်ခတ်မှုနဲ့ ရောက်ရှိလာခဲ့ကြခြင်း .... ပါ ...



သူတို့ ဒီနေရာမှာပဲ ဆက်လက်ရပ်တန့်နေမှာလားဆိုတော့ ...



မဟုတ်ပါဘူး ... ဆက်လက်ရွေ့လျား စီးမျောသွားကြဦးမှာပါပဲ ...



အခု အချိန်မှာတော့ ဒီစမ်းချောင်းလေးရဲ့ အခြေကြမ်းခင်းတစ်နေရာမှာ .... လှပစွာစုစည်းလို့ ...






တစ်စုံတစ်ယောက်က စမ်းချောင်းလေးထဲ ဖြတ်လျှောက်သွားတိုင်း ...



စမ်းချောင်းလေးထဲမှာ လှုပ်ခတ်သွားမှာ မှန်ပေမယ့် ... သူတို့က မမှုပါဘူး ...



နောက်ထပ်ရောက်ရှိလာမယ့် ကျောက်စရစ်ခဲလေးတွေကိုလည်း သူတို့က ကြိုလင့်လို့ .... စောင့်မျှော်လို့



သူတို့ ကိုယ်တိုင်ကိုယ်ကလည်း လက်ကမ်းလို့ ... အချင်းချင်း တွယ်ယှက်လို့ ...



အားရစရာ ... ကြည်နှုးစရာ ... စိတ်အားတက်ကြွစရာ ....






သာယာတဲ့ နေ့လေးတစ်နေ့ ...

စမ်းချောင်းလေးတစ်ခုက တစ်သွင်သွင်စီးဆင်းနေတယ်...
ကြည်လင်တဲ့ ရေပြင်က တစ်ဆင့် မြင်နေရတဲ့ ကျောက်စရစ်ကလေးတွေ ...
ကူးခတ်နေတဲ့ ငါးကလေးများ ...
စီးဆင်းနေတဲ့ ရေအလျဉ်မှာ .... စီးဆင်းသံလေးများက ပျော်ဝင်လို့ ...



ရင်ခုန်ကြည်နှုးဖို့ကောင်းတဲ့ .... လှပတဲ့လောကမှာ



အရာရာအတွက် ... အင်အားသစ်တွေ ရှိလို့ နေပါသတဲ့ ....



ဝါဆိုသင်္ကန်းဆပ်ကပ်လှူခြင်း အလှူတော်မင်္ဂလာ ကျေးဇူးတင်လွှာ

မင်္ဂလာပါခင်ဗျား ...

အားလုံးသော PSA Family ညီအကိုများနဲ့ Echo, Delta ညီအကိုများနဲ့ ကျွန်တော်တို့ Alpha ညီအကိုများ စုပေါင်းကာ ၁၇ရက် ဇူလိုင် ၂၀၀၈ (၀ါဆိုလပြည့်နေ့) မှာ ၀ါဆိုသင်္ကန်းဆပ်ကပ်လှူခြင်း အလှူတော်မင်္ဂလာကို သတိပဌာန ၀ိပဿနာစင်တာ ဘုန်းတော်ကြီး ကျောင်းတော်မှာ အောင်မြင်စွာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
အခုလို အောင်အောင်မြင်မြင် စည်စည်ကားကား ဖြစ်မြောက်အောင် တက်ကြွစွာ ပါဝင်ကူညီ၊ ပံ့ပိုးဆောင်ရွက်၊ ထည့်ဝင်လှူဒါန်းခဲ့ကြတဲ့ အားလုံးသော ညီအကိုမောင်နှမများကို ကျွန်တော်တို့ Alpha က ၀မ်းမြောက်ဝမ်းသာစွာ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုက်ရပါတယ်ခင်ဗျား ...။ ။

ဝါဆိုသင်္ကန်း အလှူတော်ငွေကောက်ခံရရှိမှုနှင့် လှူဒါန်းမှု စာရင်း

Alpha ညီအကိုများခင်ဗျား
၁၇ ရက် ဇူလိုင် ၂၀၀၈ (၀ါဆို လပြည့်နေ့) မှာ ပြုလုပ်လှူဒါန်းခဲ့တဲ့ ၀ါဆိုသင်္ကန်ဆပ်ကပ်လှူဒါန်းခြင်းမှာ Alpha ညီအကိုများထံက ကောက်ခံရရှိတဲ့ အလှူတော်ငွေ စုစုပေါင်းက - စင်္ကာပူဒေါ်လာ ၂၄၅.၀၀ တိတိ ကောက်ခံရရှိပါတယ် ခင်ဗျာ၊ ၀ါဆိုသင်္ကန်အလှူတော်ငွေအတွက် စင်္ကာပူဒေါ်လာ ၁၅၀.၀၀ တိတိကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ကျန် စင်္ကာပူဒေါ်လာ ၉၅.၀၀ ကိုတော့ ကျောင်းတော်န၀ကမ္မအလှူတော်ငွေ အဖြစ် လှူဒါန်း ရေစက်သွန်းချ အမျှပေးဝေ လှူဒါန်းခဲ့ပါတယ်ခင်ဗျား ... ကျွန်တော်တို့ ပြုလုပ်သမျှသော ကုသိုလ်အဖို့ဘာဂအစုစုတို့ကို သုံးဆယ်တစ်ဘုံသတ္တ၀ါများလူ ခပ်သိမ်းသူ ထပ်တူထပ်မျှ ရပါစေလို့ အမျှပေးဝေ ကောင်းမှုမှာတမ်းချွေလိုက်ရပါတယ် ခင်ဗျား ... ။