Alpha ညီအကိုများ

Saturday, February 7, 2009

ညဥ့်နက်ကကြိုး ၉၉




ညဥ့်နက်ကကြိုး ၉၉


ဒီလိုည ...
စိတ္တဇလေတွေ စီးဆင်းပြီ
ကိုယ်တိုင်အရိပ်မရတဲ့ နွေလို
ညည်းချင်းထပ်ခဲ့ ... ။

ဒီလိုည ...
ဘ၀ကူးမကောင်းတဲ့ ဆောင်းဟာ
ခဏလေးမှ ရပ်တည်ခွင့်မရှိခဲ့ မြူကို
တအူအူ ထပ်မက် ... ။

ဒီလိုည ...
ရာဇ၀တ်တွေ လက်မှာပေကျံ
လူစော်နံနေတဲ့ မြောင်းပုပ်အက်အက်မှာ
ခေါင်းမြုပ်လျှိုးခဲ့ ... ။

ဒီလိုည ...
တစ်နံတစ်လျား ခရီးသွားပြီးကာမှ
ကိုယ့်ဇတ်ကို ကိုယ်မျို မှောင်လာမှ ငိုတဲ့မြစ်က
စုတ်တသတ်သတ် ... ။

ဒီလိုည ...
တရွတ်တိုက်ဆွဲတဲ့ လရောင်ထဲ
ကစဥ့်ကလျားနက္ခတ်တစ်ခင်းက
ချဉ်းနင်းစွက်ဖက် ... ။

အင်း ... ... ...
ဒီလိုည ...
ကိုယ်တိုင်စိုက်ပျိုး
အိပ်မက်ကို အုပ်မိုးထားတဲ့ သူ့လက်က
ရင်ဘတ်တစ်ခုလုံးကို ရိုက်ချိုးသွားတာ
ငါ့ မနက်တွေတောင် တော်တော်နဲ့မိုးမလင်းခဲ့ဘူး ... ... ... ။ ။



အလင်းငှက်
[ ပုံလေးကို http://farm2.static.flickr.com ကနေရယူဖော်ပြပါတယ် ]

2 comments:

ကိုသန့် said...

ငါအရင်ဆုံးရေးလိုက်တယ်ကွ။ မော်ဒန်ဆိုတာလေးလား။ ညည အိပ်မရပါလား။

Anonymous said...

သိပ်မိုက်တယ်ညီ ... အပိုဒ်တိုင်းမှာ ပေးထားတဲ့ ရသတွေကို ကိုယ်တိုင်ခံစားရတယ် ... ရင်ဘတ်နဲ့ ထုတ်ချင်းခတ်မျှပဲ .... ဒန်တယ်ဆိုတာ အဲလိုမှကွ ... သိပ်မိုက်တယ် .... အဲလိုကဗျာမျိုးတွေကို ဆက်လက်စောင့်မျှော်နေမယ် .... ကြိတ်ထားကွ

ဝါဆိုသင်္ကန်းဆပ်ကပ်လှူခြင်း အလှူတော်မင်္ဂလာ ကျေးဇူးတင်လွှာ

မင်္ဂလာပါခင်ဗျား ...

အားလုံးသော PSA Family ညီအကိုများနဲ့ Echo, Delta ညီအကိုများနဲ့ ကျွန်တော်တို့ Alpha ညီအကိုများ စုပေါင်းကာ ၁၇ရက် ဇူလိုင် ၂၀၀၈ (၀ါဆိုလပြည့်နေ့) မှာ ၀ါဆိုသင်္ကန်းဆပ်ကပ်လှူခြင်း အလှူတော်မင်္ဂလာကို သတိပဌာန ၀ိပဿနာစင်တာ ဘုန်းတော်ကြီး ကျောင်းတော်မှာ အောင်မြင်စွာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
အခုလို အောင်အောင်မြင်မြင် စည်စည်ကားကား ဖြစ်မြောက်အောင် တက်ကြွစွာ ပါဝင်ကူညီ၊ ပံ့ပိုးဆောင်ရွက်၊ ထည့်ဝင်လှူဒါန်းခဲ့ကြတဲ့ အားလုံးသော ညီအကိုမောင်နှမများကို ကျွန်တော်တို့ Alpha က ၀မ်းမြောက်ဝမ်းသာစွာ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုက်ရပါတယ်ခင်ဗျား ...။ ။

ဝါဆိုသင်္ကန်း အလှူတော်ငွေကောက်ခံရရှိမှုနှင့် လှူဒါန်းမှု စာရင်း

Alpha ညီအကိုများခင်ဗျား
၁၇ ရက် ဇူလိုင် ၂၀၀၈ (၀ါဆို လပြည့်နေ့) မှာ ပြုလုပ်လှူဒါန်းခဲ့တဲ့ ၀ါဆိုသင်္ကန်ဆပ်ကပ်လှူဒါန်းခြင်းမှာ Alpha ညီအကိုများထံက ကောက်ခံရရှိတဲ့ အလှူတော်ငွေ စုစုပေါင်းက - စင်္ကာပူဒေါ်လာ ၂၄၅.၀၀ တိတိ ကောက်ခံရရှိပါတယ် ခင်ဗျာ၊ ၀ါဆိုသင်္ကန်အလှူတော်ငွေအတွက် စင်္ကာပူဒေါ်လာ ၁၅၀.၀၀ တိတိကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ကျန် စင်္ကာပူဒေါ်လာ ၉၅.၀၀ ကိုတော့ ကျောင်းတော်န၀ကမ္မအလှူတော်ငွေ အဖြစ် လှူဒါန်း ရေစက်သွန်းချ အမျှပေးဝေ လှူဒါန်းခဲ့ပါတယ်ခင်ဗျား ... ကျွန်တော်တို့ ပြုလုပ်သမျှသော ကုသိုလ်အဖို့ဘာဂအစုစုတို့ကို သုံးဆယ်တစ်ဘုံသတ္တ၀ါများလူ ခပ်သိမ်းသူ ထပ်တူထပ်မျှ ရပါစေလို့ အမျှပေးဝေ ကောင်းမှုမှာတမ်းချွေလိုက်ရပါတယ် ခင်ဗျား ... ။